Thursday, December 26, 2013

အင်တာနက်လိုင်းမရှိဘဲ VoIP ခေါ်ဆိုနိုင်ပြီ

အင်တာနက်လိုင်းမရှိသော မိုဘိုင်းဖုန်းလိုင်းများနှင့် အော်တိုတယ်လီဖုန်းလိုင်းများ အတွက် နိုင်ငံခြားသို့ VoIP အင်တာနက် တယ်လီဖုန်းလိုင်းဖြင့် တိုက်ရိုက်ခေါ်ဆိုမှု ပြုလုပ်နိုင်ရန် ၀န်ဆောင်မှု ပေးအပ်သွားမည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းက ပြောသည်။ အဆိုပါဝန်ဆောင်မှု၌ အသုံးပြုနိုင်စေရန် Activation ကတ်များကို ငွေကျပ်တစ်သောင်းဖြင့် ရောင်းချပေးရန်စီစဉ်ထားပြီး ငွေဖြည့်ကတ် များအဖြစ် 10 FEC ကတ်များနှင့် 30 FEC ကတ်များကို ထုက်လုပ် ရောင်းချပေးသွားမည်ဟု ရတနာပုံတယ်လီပို့ကုမ္ပဏီ၏ စီမံကိန်းများ တည်ဆောက်ရေးဌာနမှ ဌာနမှူး ဦးအောင်စံမြတ်ကဆိုသည်။ နိုင်ငံခြားသို့ အင်တာနက်ကွန်ရက်မရှိဘဲ VoIP ဖုန်းလိုင်းတိုက်ရိုက်ခေါ်ဆိုမည်ဆိုပါက မိုဘိုင်းဖုန်းများအနေဖြင့် ပြည်တွင်းခေါ်ဆိုမှု တစ်မိနစ် ၅၀ ကျပ်အပြင် ခေါ်ဆိုသည့် နိုင်ငံအလိုက် သက်မှတ်ထားသည့် မိနစ်ကြေးများကိုလည်း ငွေဖြည့် ကတ်မှ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း၊ အလားတူ အော်တိုဖုန်းလိုင်းများမှ နိုင်ငံခြားသို့ခေါ်ဆိုသည့် အခါ၌လည်း ပြည်တွင်းခေါ်ဆိုမှု နှုန်းထားများဖြစ်သည့် တစ်မိနစ် ၂၅ ကျပ်နှုန်းအပြင် နိုင်ငံခြားသို့ ခေါ်ဆိုသည့် VoIP ဖုန်းလိုင်းနှုန်း ထားများကို သီးခြားပေးဆောင်ရ မည်ဖြစ်ကြောင်း VMG Telecoms ကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ထွန်းက ပြောသည်။ မိမိ၏ အော်တိုတယ်လီဖုန်းလိုင်း (သို့မဟုတ်) မိုဘိုင်းဖုန်းလိုင်းမှနေ၍ နိုင်ငံခြားသို့ အင်တာနက်မရှိဘဲ VoIP ဖုန်းလိုင်းတိုက်ရိုက် ခေါ်ဆိုမည်ဆိုပါက ၀၁-၄၄ ၅၅၅၅၅ သို့ဦးစွာဆက်သွယ်ခေါ် ဆိုရမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် နိုင်ငံအလိုက် မိမိခေါ်ဆိုလိုသည့် တယ်လီဖုန်းလိုင်းနံပါတ်များကို ကိုယ်တိုင်ကိုယ်ကျ နှိပ်၍ထပ်မံခေါ်ဆို ရမည်ဖြစ်ကြောင်းသိရသည်။ ““သက်မှတ်ထားတဲ့ဈေးက မဆိုးဘူးလို့ပြောနိုင်ပါတယ်။ အိန္ဒိယကိုခေါ်ဆိုရင်တောင် တစ်နာရီ လောက်ပြောမှ ၃.၆ ဒေါ်လာ လောက်ပဲကျတယ်။ ဒါပေမယ့်အခု ပြောချင်လို့ဆက်သွယ်ကြည့်တော့ အဆင်သင့်မဖြစ်သေးဘူးလို့ ကုမ္ပဏီကတော့ ပြန်ပြောနေတယ်”” ဟု အင်တာနက်မလိုသည့် Y Talk VoIP ဖုန်းလိုင်းကို စမ်းသက်အသုံးပြုရန် ကြိုးစားခဲ့သည့် ကိုစည်သူကဆိုသည်။

http://shanstatedefencearmy.blogspot.com/

No comments:

Post a Comment