မိုင်ဆွန်ခ . . . . ။
ဒီတပါတ်ကျမ ရှမ်းအစားအစာတခုဖြစ်တဲ့ မုန်ညင်းစောဟင်းရည် လုပ်နည်းလေးကို မျှဝေချင်ပါတယ်။ လုပ်နည်းလေးက ရေးထားတာကြာပြီဖြစ်ပါတယ်။ လုပ်ရတာ လွယ်ကူတဲ့အတွက် ချစ်မိတ်ဆွေများ ရဲ့အိမ်မှာ အလွယ်တကူလုပ်စားနိုင်တဲ့ ဟင်းရည်လေးတမျိုးဖြစ်ပါတယ်။ ဒီဟင်းရည်လေးကို ပဲပုပ်အစပ်ကြော်နဲ့ တွဲစားရင် အရမ်းလိုက်ဖက်ပါတယ်။ အားလုံးပျော်ရွှင်ကြပါစေ။
မုန်ညင်းစော
မုန်ညင်း ၁ စည်းခရမ်းချဉ်သီး ၃ လုံး
ကြက်သွန်နီကြီး ၁ ဥ
ဝက်ရိုး ၂၅ ကျပ်သား
မန်ကျည်းမှည့် အရည် အနည်းငယ်(အချိုကြိုက်လျှင် မန်ကျည်းအစား ကြံသကာထည့်ကြသည်)
ငြုတ်သီးစိမ်း အနည်းငယ်
နံနံပင် အနည်းငယ်
ဆား အနည်းငယ်
ဆီ ထမင်းစားဇွန်း ၁ ဇွန်း
အသားမှုန့်  (ကြိုက်လျှင် လက်ဖက်ရည်ဇွန်း တ ဇွန်း)
ငြုတ်သီးစိမ်း အနည်းငယ်
နံနံပင် အနည်းငယ်
ဆား အနည်းငယ်
ဆီ ထမင်းစားဇွန်း ၁ ဇွန်း
အသားမှုန့်  (ကြိုက်လျှင် လက်ဖက်ရည်ဇွန်း တ ဇွန်း)
မုန်ညင်းကို သန့် စင်စွာဆေးကြောပြီး.၂ လက်မ အရွယ် လှီးပြီး ချက်မည့်အိုးထဲ ထည့်ထားပါ…ခရမ်းချဉ်းသီးနဲ့ ကြက်သွန်နီတို့ ကိုလည်း တောက်တောက်စင်း(သို့ )ကြိတ်ထည့်လိုက်ပါ…၀က်ရိုး ၊ ဆီ ၊ ဆား တို့ ကိုထည့်ပြီး….လုံးချက်လိုက်ပါ…..အနံ့ မွှေးလာပြီး ရေခန်းသွားလျှင်….ရေမြုပ်ရုံဖြည့်ပြီး
(.ရေခန်းလျှင်ရေထပ်ဖြည့်ပါ) မုန်ညင်းနဲ့ ဝက်ရိုးတွေ
နူးလာသည်အထိမီးအေးအေးနဲ့ တည်ထားပါ…နူးလာလျှင် မန်းကျည်းမှည့်အရည်လိုသလောက်ထည့်လိုက်ပါ…အရသာအနေတော်လျှင်…အိုးချကာ..ငြုတ်သီးစိမ်းနဲ့ နံနံပင်အုပ်ပြီး…သုံးဆောင်နိုင်ပါပြီ…။
Sae Hark Main
ShanStateDefenceArmy