Tuesday, September 30, 2014

ရန်ကုန်မှာ ရှမ်းခေါက်ဆွဲယဉ်ကျေးမှုကို စတင်ခဲ့တဲ့ ၉၉၉





ရန်ကုန်မှာ အဆာပြေစားတဲ့ မုန့်ဟင်းခါးနေရာကို အစားထိုးဝင်လာနေတာကတော့ ရှမ်းခေါက်ဆွဲပါ။ ရန်ကုန်သူ ရန်ကုန်သားတွေ ရှမ်းခေါက်ဆွဲစားတဲ့ဓလေ့ဖြစ်လာအောင် စတင်မိတ်ဆက်ခဲ့တဲ့ ၉၉၉ ရှမ်းခေါက်ဆွဲဆိုင်လေးဆီ ခေါ်သွားပါရစေ။
လွန်ခဲ့တဲ့ ၃၆နှစ်လောက်ကတည်းက ၃၄လမ်း အလယ်ဘလောက်မှာ ရှမ်းခေါက်ဆွဲဆိုင်ဖွင့်ခဲ့ပြီး ရန်ကုန်သားတွေတင်မက နိုင်ငံခြားသားခရီးသည်တွေပါမက်မက်မောမောစားတဲ့ နေရာလည်းတစ်ခုဖြစ်လာပါတယ်။ ခရီးသွားလမ်းညွှန် Trip Advisory ရဲ့ထုတ်ပြန်ချက်အရ ရန်ကုန်ရဲ့ အကောင်းဆုံးစားသောက်ဆိုင်တွေရဲ့ နံပါတ် ၃နေရာမှာ ရပ်တည်နေတဲ့ ၉၉၉ ဆိုင် ဘာ့ကြောင့်လူကြိုက်များတာလဲ။
၉၉၉ ရှမ်းခေါက်ဆွဲရဲ့ အဓိကလျှို့ဝှက်ချက်ဟာ ကိုယ်ပိုင်ဖော်မြူလာနဲ့ ဖော်စပ်နေတာတဲ့ ငံပြာရည်ဖြစ်ပြီး ဒီငံပြာရည်အစွမ်းကြောင့် နှစ်ပေါင်း၎ဝ လောက်ရပ်တည်နိုင်တာပါလို့ ပြောပြသူကဆိုင်ရှင် ဒေါ်လဲ့လဲ့ဝင်းပါ။
ရှမ်းခေါက်ဆွဲကို ပုံစံအမျိုးမျိုးနဲ့ အရည်၊ အသုပ်၊ အချို၊ ဆီချက်ဆိုပြီး အရသာ ၄မျိုးရှိသလို ရှမ်းခေါက်ဆွဲလုပ်ဖို့ အဓိကပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ကြက်သွန်မြိတ်နဲ့ မြေပဲဆံတို့ဖြစ်ပါတယ်။ ၉၉၉ဆိုင် ဖွင့်ခါစက ရှမ်းခေါက်ဆွဲစားတဲ့ဓလေ့ မထွန်းကားသေးတဲ့ ရန်ကုန်မှာ ၃နှစ်လောက် အရှုံးခံရောင်းခဲ့ပြီးမင်းသားမင်းသမီးတွေ၊ အဆိုတော်တွေ လာအားပေးရာကနေ လူသိများလာတာပါလို့ ဆိုပါတယ်။ခေါက်ဆွဲရဲ့အသားဟာ စေးကပ်တာမရှိဘဲလျှာနဲ့ထိတွေ့လိုက်တာနဲ့ နူးညံ့တဲ့အထိတွေ့ကိုပေးပြီး အရသာကောင်းတာကြောင့် သူတကယ်ကြိုက်တယ်လို့ နိုင်ငံသားခရီးသွားတစ်ယောက်က ပြောပါတယ်။
ဆိုင်ဖွင့်ကတည်းကပုံမှန်အားပေးနေတဲ့ ဒေါ်ဇင်မေထွန်းကတော့ နှစ်ပေါင်းများစွာစားနေပေမယ့်အရသာပြောင်းမသွားသလို ခရမ်းချဉ်သီးတွေနဲ့ ပြစ်ခဲနေတဲ့ ရှမ်းခေါက်ဆွဲလိုမျိုး မဟုတ်ဘူးလို့ ပြောပြပါတယ်။



Sae Hark Maine
ShanStateDefenceArmy
 
>>> Thank you, Come reading and visit again kha <<<