Saturday, September 13, 2014

ဝက်သားမုန်ညင်းချဉ်ကြော်



Mai Soong Kha ...

                   ဒီဟင်းလေး ဟာ ထမင်းပူပူလေးနဲ့ တွဲစားလိုက်ရင် ကျမအတွက်တော့ ဘာမှထပ်မလိုတော့ဘူး။ ထမင်းအင်မတန်မြိန်စေပါတယ်။ ကျမ တောင်ကြီးရောက်မှ ဒေါ်လေးရဲ့ အိမ်မှာ ပထမဆုံးစားဖူးခဲ့ပါတယ်။ ရှမ်းထမင်းဟင်းဆိုင်တွေမှာတော့ အမြဲတွေ့ ရတဲ့ ဟင်းလေးတမျိုးပေါ့။ ဒီဟင်းလေးဟာ ချက်ရတာ လွယ်ကူပြီး ကျမရဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။ ပျော်ရွှင်ကြပါစေ။



ဝက်သားမုန်ညင်းချဉ်ကြော်အတွက် လိုအပ်တာလေးကတော့
ဝက်သား(ကြက်သားနဲ့ လည်းချက်နိုင်ပါတယ်)    ပန်းကန်လုံး တလုံး
ခရမ်းချဉ်သီး                              တလုံး
ဥနီ                                         တ ဥ
ကြက်သွန်နီ                             ၁ ဥ


မုန်ညင်းချဉ်လေးတွေကို အပိုင်းငယ်လေးများဖြစ်အောင် လှီးထားပါ။
ဆီ ထမင်းစားဇွန်း နှစ်ဇွန်းခန့် ကို အပူပေးပြီး ၀က်သာကိုအရင်ကြော်ပေးပါ။
 ကြက်သွန်နီထည့်ကြော်ပါ။ ဆား အနည်းငယ်ထည့်ပါ။ အနံ့ လေးမွှေးလာလျှင် ဥနီနှင့်
မုန်ညင်းချဉ်တို့ ကို ထည့်ကြော်ပါ။ အသားမှုန့်  1 tsp ထည့်ပါ။ ရေအနည်းငယ် ထည့်ပြီး
ခဏအုပ်ထားပါ။ ရေခမ်းသွားလျှင် အရသာပေါ့အငံ မြည်း ခရမ်းချဉ်သီးထည့်မွှေပြီး သုံးဆောင်နိုင်ပါပြီ။
 
 
ထမင်းမြိန်စေတဲ့ ၀က်သားမုန်ညင်းချဉ်ကြော်


Sae Hark Main
ShanStateDefenceArmy