Tuesday, September 30, 2014

ဖက်ထုပ်ကြော် ရှမ်းမြောက်ပိုင်းစတိုင်လ် စားရအောင်






ရန်ကုန်မှာ Dumpling လို့ခေါ်တဲ့ ဖက်ထုပ်ကြော်ဆိုရင် ဆီနဲ့ အကြွပ်ကြော်တာပါ။ ဒါပေမယ့် ရှမ်းပြည်မြောက်ပိုင်းက ရိုးရာဓလေ့အတိုင်း ဖက်ထုပ်ကို ဘယ်လိုကြော်လဲ၊ ကြွပ်ကြွပ်ကြီးမဟုတ်တဲ့ ဖက်ထုပ်လေးကို အိအိလေးစားရအောင် ခေါ်သွားပါရစေ။
ဒဂုံမြို့နယ်ထဲက နဝဒေလမ်းနဲ့ ဗိုလ်ရာညွန့်ထောင့်မှာရှိတဲ့ အောင်မင်္ဂလာ ရှမ်းခေါက်ဆွဲဆိုင်က ပိုင်ရှင် နန်းခမ်းလှကိုယ်တိုင် ဖက်ထုပ်အိအိလေးကြော်တဲ့ပုံစံ လုပ်ပြမှာပါ။ ကဲ … အရင်ဆုံး ဖက်ထုပ်ထဲမှာ ပါဝင်ရမယ့် ပစ္စည်းတွေနဲ့ ဖက်ထုပ်လုပ်ပုံကို အရင်ကြည့်ကြမယ်နော်။

ကဲ … ဖက်ထုပ်ရပြီဆိုရင် မာမာကြွပ်ကြွပ်ကြီးဖြစ်မနေအောင် ဘယ်လိုလုပ်လဲ။ ဒယ်အိုးထဲမှာ ဖက်ထုပ်တွေ လှလှလေး စီထည့်ပြီးရင်တော့ ကော်ရည်လေးလောင်းလိုက်ရပါမယ်။ ကော်ရည်ကြောင့် မာမာလေးဖြစ်သွားရင်တော့ ဆီနည်းနည်းထည့်လိုက်တော့ … အခုလို စားချင်စဖွယ်လေး မြင်ရပြီပေါ့။

ဆိုင်ဖွင့်တာ ၁၄နှစ်လောက်ရှိပြီးတော့ ဆိုင်မှာသုံးတဲ့ ပါဝင်ပစ္စည်းတွေကို ကိုယ်တိုင်လုပ်တယ်လို့ နန်းခမ်းလှက ပြောပါတယ်။ နိုင်ငံခြားခရီးသွားတွေအများဆုံးအားပေးကြတဲ့ဒီဆိုင်လေးမှာ ဈေးနှုန်းတွေလည်း ဘယ်လိုရှိလဲ။ နားထောင်ကြည့်ပါဦး။



Sae Hark Maine
ShanStateDefenceArmy

>>> Thank you. Welcome to watch and visit again kha <<<