Tuesday, September 23, 2014

စဝ်ဟိန်းခမ်း PROFILE



သျှမ်းပြည်တပ်မတော် SSA ကို ဦးဆောင် တည်ထောင်ခဲ့သူ မဟာဒေ၀ီစောဝ် နန်းဟိန်းခမ်း ဖြစ်သည်။

  ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်သည် ၁၉၃၇ ခုနှစ်၊ ဇွန်လတွင် သိန္နီမြောက်ပိုင်း စော်ဘွာကြီး၏ သမီး (သိန္နီစော်ဘွား စဝ်ဟုန်ဖ) (ကွယ်လွန်) ၏ နှမ စဝ်ဟိန်းခမ်းဟိန်းနှင့် လက်ထပ်ခဲ့သည်။ ရွှေစော်ဘွားကြီး၏ ကြင်ယာတော် မဟာဒေ၀ီ စဝ်ဟိန်းခမ်းဟိန်း သည် သျှမ်းပြည်တပ်မတော် SSA ကို ဦးဆောင်တည်ထောင်ခဲ့သူ သျှမ်းအမျိုးသားတို့၏ တော်လှန်ရေးမိခင်ကြီး စ၀်နန်းဟိန်းခမ်း ပင်ဖြစ်သည်။ ပထမကမ္တာစစ်ကြီး ပြီးသော အခါ စဝ်ရွှေသိုက် သည် စစ်မှုထမ်းအဖြစ် အနားယူခဲ့သည်။ သို့သော် ၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္တာစစ်ကြီး ဖြစ်ရန် စစ်ရိပ်စစ်ငွေ့များ တက်လာသော အခါစစ်မှုထမ်းရန် ပြန်ခေါ်ခြင်း ခံရပြန်သည်။

၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္တာ စစ်ကြီး ပြီးဆုံးသော အခါ ဗြိတိသျှ နယ်ချဲ့ အရင်းရှင် အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် ဗိုလ်ချုပ် အောင်ဆန်းတိုနှင့် အတူ တိုင်ရင်းသား စည်လုံး ညီညွတ်ရေးကို ပါဝင် ဆင်နွှဲခဲ့သည်။ ပင်လုံ စာချုပ်ကြီး ဖြစ်မြောက်ရေးကို လည်း လုံးပမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနှိင်ငံကို တိုင်းပြု ပြည်ပြလွတ်တော် ဖွင့်လှစ်သော အခါ စဝ်ရွှေသိုက်အား ဥက္ကဋ္ဌ အဖြစ် တညီတညွတ်တည်း တင်မြောက်ခြင်း ခံရသည်။

  ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် သည် ၁၉၄၈ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လတ်လပ်ရေးရသောအခါ ပြည်ထောင်စု တိုင်းရင်းသား ထဲမှ ပထမ ဆုံးသော မြန်မာနှိင်ငံ သမ္မတကြီး အဖြစ် တင်မြောက်ခြင်း ခံရသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် သမ္မတ သက်တမ်း ကုန်ဆုံးသော အခါလူမျိုးစု လွှတ်တော် နာယကကြီး အဖြစ် ရွေးချယ် တင်မြောက်ခြင်း ခံရပြန်သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် အခြား နယ်ရှင် စဝ်ဖလုံတို့နှင့် အတူ စော်ဘွား ဆိုသော အာဏာ စွန့်လွှတ်ခဲ့သည်။

၁၉၆၀ ပြည့်နှစ် အထိ လူမျိုးစု လွတ်တော် နာယကကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးဘာသာ သာသနာ ပညာတွင် ကြိးစား အားထုတ်မှုကြောင့် နိုင်ငံတော် အစိုးရက စဝ်ရွှေသိုက်အား 'အဂ္ဂမဟာ သရေစည်သူဘွဲ့ အပြင် 'အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့' ကိုပါ ချီးမြှင့်တော် မှုသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ အမည်ခံ ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်က နိုင်ငံတော် အာဏာအရပ်ရပ်ကို သိမ်းပိုက်စဉ် အခါ မိမိ နေအိမ်ဝင်း အတွင်းတွင်ပင် သားငယ် စဝ်မီမီသိုက်သည် ပစ်သတ် သတ်ဖြတ်သွားခြင်း ခံခဲ့ရလေသည်။ နှိင်ငံတော် သမ္မတကြီးဟောင်း စဝ်ရွှေသိုက်လည်း ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။

  ထိုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ အသက် ၆၆နှစ် အရွယ်တွင် ကွယ်လွန် အနိစ္စ ရောက်သွားရှာသည်။ သမ္မတကြီးဟောင်း စဝ်ရွှေသိုက် ကွယ်လွန်သော အခါ မဟာဒေဝီ စ၀်ဟိန်းခမ်းနှင့် သားတော် သမီးတော် ရှစ်ယောက် ထွန်းကား ကျန်ရစ်ခဲ့သည်။

အနာဂတ် သျှမ်းမျိုးစက်သစ် လူငယ်များ စော်ဘွားကြီးနှင့် မဟာဒေ၀ီကဲ့သို့ သျှမ်းအမျိုးသားရေး တာဝန်များ ကျေးပွန်စွာ ထမ်းဆောင်နိုင် ကြပါစေလို့ ရည်ညွန်း တင်ပြ လိုက်ရပါသည်။


Sae Hark Maine
ShanStateDefenceArmy