သုံးနှစ်ထက်ကြာပြီး သန္စောတားဆေးမှီဝဲသည့် အမျိုးသမီးများ




သုံးနှစ်ထက်ကြာပြီး သန္စောတားဆေးမှီဝဲသည့် အမျိုးသမီးများ မျက်စိကွယ်နိုင်ခြေ နှစ်ဆခန့်မြင့်မား

သန္ဓေတားဆေးကို သုံးနှစ်ကျော်ကြာတဲ့အထိ မှီဝဲတဲ့ အမျိုးသမီးတွေအနေနဲ့ အမြင်အာရုံဆုံးရှုံးနိုင်တဲ့ မျက်စိပြဿနာ ဖြစ်နိုင်ခြေ နှစ်ဆခန့်မြင့်မားတယ်လို့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။သန္ဓေတားဆေးမှီဝဲတဲ့ အမျိုးသမီးတွေအနေနဲ့မျက်စိရေတိမ်ရောဂါဖြစ်နိုင်ခြေပိုများတယ်လို့သူတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ရေတိမ်ရောဂါဟာ မျက်စိအတွင်းရေဆင်းတဲ့ ပိုက် ပတ်ဆို့မှုဖြစ်ခဲ့ရင် ရေစီးဆင်းမှု မရှိတော့တဲ့အတွက် မျက်လုံးအတွင်း ဖိအားများလာကာ မြင်လွှာမှ အာရုံကြောနဲ့ မျက်စိအာရုံကြော ပျက်စီးတာကြောင့် ဖြစ်တာပါ။ ဒီလေ့လာမှု အသစ်ဟာ ပါးစပ်မှ မှီဝဲရတဲ့ သန္ဓေတားဆေးကိုအသုံးပြုတဲ့အမျိုးသမီးတွေအနေနဲ့ ရေတိမ်ရောဂါဖြစ်နိုင်ခြေ များတာကို ပထမဆုံးတွေ့ရှိတာဖြစ်ပါတယ်။ ပါးစပ်မှ မှီဝဲရတဲ့ သန္ဓေတားဆေးဟာ ရေတိမ်ရောဂါ ဖြစ်ဖို့ တိုက်ရိုက်ဆက်သွယ်မှုမရှိပေမယ့်ဒီသန္ဓေတားဆေးကို ရေရှည်အသုံးပြုပါက ရေတိမ်ရောဂါဖြစ်နိုင်ခြေ မြင့်မားတာကိုညွှန်ပြနေတယ်လို့သိရပါတယ်။ ရေတိမ်ရောဂါကို မျက်စဉ်းဆေးခတ်တာ၊ လေဆာကုထုံးအသုံးပြုတာဒါမှမဟုတ်ခွဲစိတ်နည်းလမ်းအသုံးပြုနိုင်ပါတယ်။ ရောဂါရှိမှန်း စောစောစီးစီးသိဖို့အရေးကြီးပါတယ်။မျက်လုံးတွင်းပျက်စီးမှု ဖြစ်လာရင် ပြန်လည်ပြုပြင်လို့မရနိုင်တာကြောင့်ပါ။ ရေတိမ်ရောဂါကို မကုသဘဲ ထားခဲ့ရင် အမြင်အာရုံဆုံးရှုံးနိုင်ပါတယ်။ 


Sae Hark Main
Get >>> Good Health
ShanStateDefenceArmy

Share:

Related Posts:

ၵၢၼ်တွင်ႈထၢမ်

Popular Posts

Blog Archive